၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ တက်ရောက်ရန်အတွက် ပဏာမရွေးချယ်ထားသော ကျောင်းသား/ ကျောင်းသူများကို ကျန်းမာရေးနှင့်မျက်စိစစ်ဆေးရန် ယခင်ကြေညာထားသော နေ့ရက် ၂၈.၁၀.၂၀၁၉ ရက်နေ့(တနင်္လာနေ့)သည် အများပြည်သူရုံးပိတ်ရက် (ဒီပါဝလီနေ့)ဖြစ်နေပါသဖြင့် ဆေးစစ်မည့် နေ့ရက်များကို အောက်ပါအစီအစဉ်အတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ပဏာမဝင်ခွင့်ရရှိသူများ သတင်းပို့ရန်နှင့် ဆေးစစ်ရန်အစီအစဉ်
(က) မျက်စိစမ်းသပ် စစ်ဆေးမည့်အစီအစဉ်(ကျောင်းသားများသာ)
စဥ် ဝင်ခွင့်ရအမှတ်စဉ် စစ်ဆေးမည့်နေ့ရက်
၁။ ၁၅၁ မှ ၃၀၀ အထိ ၂၉.၁၀.၂၀၁၉ (အင်္ဂါနေ့)
၂။ ၃၀၁ မှ ၄၁၅ အထိ ၃၀.၁၀.၂၀၁၉ (ဗုဒ္ဓဟူးနေ့)
၃။ ၁ မှ ၁၅၀ အထိ ၁.၁၁.၂၀၁၉ (သောကြာနေ့)
(ခ ) ကျန်းမာရေးဆေးစစ်မည့် အစီအစဉ် (ကျောင်းသား/ကျောင်းသူအားလုံး)
စဉ် ဝင်ခွင့်ရအမှတ်စဉ် စစ်ဆေးမည့်နေ့ရက်
၁။ ၁ မှ ၁၅၀ အထိ ၂၉.၁၀.၂၀၁၉ (အင်္ဂါနေ့)
၂။ ၁၅၁ မှ ၃၀၀ အထိ ၃၀.၁၀.၂၀၁၉ (ဗုဒ္ဓဟူးနေ့)
၃။ ၃၀၁ မှ ၄၁၅ အထိ ၃၁.၁၀.၂၀၁၉ (ကြာသပတေးနေ့)
( ဂ ) လူတွေ့စစ်ဆေးမည့်အစီအစဉ်
စဥ် ဝင်ခွင့်ရအမှတ်စဉ် စစ်ဆေးမည့်နေ့ရက်
၁။ ၁ မှ ၂၀၀ အထိ ၃၁.၁၀.၂၀၁၉ (ကြာသပတေးနေ့)
၂။ ၂၀၁ မှ ၄၁၅ အထိ ၁.၁၁.၂၀၁၉ (သောကြာနေ့)
သတင်းပေးပို့ရမည့်အချိန် နံနက် ၈ : ၃၀ နာရီ
စစ်ဆေးမည့်အချိန် နံနက် ၀၉ : ၀၀ နာရီမှ ၁၆ : ၀၀ နာရီထိ
နေရာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
မှတ်ချက်။ (က) ကျောင်းသူများ မျက်စိစမ်းသပ်စစ်ဆေးရန် မလိုအပ်သဖြင့် ကျန်းမာရေးဆေးစစ်မည့် နေ့ရက်နှင့် လူတွေ့စစ်ဆေးမည့်နေ့ရက် (၂)ရက်သာ လာရောက်ရမည်။ မျက်စိနှင့်ကျန်းမာရေး ဆေးစစ်ခြင်းလာရောက်ရာတွင် ကျောင်းသားများ ရှပ်အင်္ကျီအဖြူနှင့် ပုဆိုးဝတ်ဆင်လာရ မည်။ ဆံပင်ရှည်ထားခြင်း၊ ဆံပင်ဆေးဆိုးခြင်းများ ခွင့်မပြုပါ။ ကျောင်းသူများ မြန်မာ အင်္ကျီနှင့်လုံချည် ဝတ်ဆင်လာရမည်။ ဆံပင်ဆေးဆိုးခြင်း မပြုရပါ။ အနောက်တိုင်း၀တ်စုံဖြင့် ရိုက်ကူးထားသော ဓါတ်ပုံ (နောက်ခံအဖြူရောင်၊ Size အလျား 1¼’’ x အနံ 1½’’) ဓါတ်ပုံ (၁၀)ပုံ ယူဆောင်လာရမည်။
(ခ) လူတွေ့စစ်ဆေးလာရောက်ရာတွင် အထူးပြုဘာသာရပ်ဆန္ဒပြုလွှာတွင် ဦးစားပေး ရွေးချယ်လိုသော ဘာသာရပ်အစီအစဥ်အတိုင်းဖြည့်၍ ယူဆောင်လာရမည်။
(ဂ) ဝင်ခွင့်ရရှိသူများစာရင်းကို (၂.၁၂.၂၀၁၉ )ရက်နေ့တွင် ဤတက္ကသိုလ်၌ ကြေညာ ထားမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများသည် (၃.၁၂.၂၀၁၉) မှ (၁၃.၁၂.၂၀၁၉) အတွင်း တက္ကသိုလ်မှတ်ပုံတင် လျှောက်လွှာတင်သွင်း ကြရမည်ဖြစ်ပါသည်။ ဤတက္ကသိုလ်၏ ပထမနှစ်သင်တန်းကို ဒီဇင်ဘာလ(၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့
|