ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
လျှောက်လွှာခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ခန့်ထားရန် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ကွန်ပျူတာ ဌာနများအတွက် လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) နည်းပြ/သရုပ်ပြနှင့် စာကြည့်တိုက်ဌာနအတွက် လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) စာကြည့်တိုက်လက်ထောက်-၂ နေရာများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည်-
( က ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
( ခ ) နည်းပြ/သရုပ်ပြများအတွက် သက်ဆိုင်ရာမဟာဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။
( ဂ ) စာကြည့်တိုက်လက်ထောက်-၂အတွက် စာကြည့်တိုက်ပညာဘွဲ့ ရရှိသူ ဖြစ်ရ မည်။
( ဃ ) လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရ မည်။ ဝန်ထမ်းဖြစ်လျှင် အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
( င ) နည်းပြ/သရုပ်ပြများအတွက် အနည်းဆုံးလုပ်သက် (၅) နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက လျော်ကြေးငွေအဖြစ် ၁,၀၀၀,၀၀၀ိ/- (ကျပ်ဆယ်သိန်း) ပေးလျော်ရမည်။
( စ ) စာကြည့်တိုက်လက်ထောက်-၂ အတွက် အနည်းဆုံး လုပ်သက် (၃) နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ရမည်။
တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက လျော်ကြေးငွေအဖြစ် ၅၀၀,၀၀၀ိ/- ( ကျပ်ငါးသိန်း ) ပေးလျော်ရမည်။
၃။ လျှောက်လွှာပုံစံအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ website ဖြစ်သော www.mmu.edu.mm တွင် ရယူနိုင်ပါသည်။ လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
( က ) တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူ ၊ ဘွဲ့လက်မှတ် မိတ္တူ လျှောက်လွှာတွင် ပူးတွဲတင်ပြရမည်။ ( မူရင်းအား လူတွေ့ဖြေဆိုသည့်အခါ ပြသနိုင်ရမည်။)
( ခ ) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ ကျန်းမာရေး ကောင်းမွန်ကြောင်း မြို့နယ်ဆရာဝန် ထောက်ခံချက် ဆေးလက်မှတ် မူရင်းပါရှိ ရမည်။
( ဂ ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာမူရင်း ပါရှိရမည်။
၄။ လျှောက်လွှာကို ပါမောက္ခချုပ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပြီး (၁၉-၉-၂၀၂၂) ရက်နေ့ နောက်ဆုံး လျှောက်ထားရမည်။ ဝန်ထမ်းဖြစ်ပါက လျှောက်လွှာကို သက်ဆိုင်ရာဌာန အကြီးအကဲမှတစ်ဆင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ (၁၉-၉-၂၀၂၂) ရက်နေ့ နောက်ဆုံး တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။
၅။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့် ရရှိသူများစာရင်းကို ( ၂၁-၉-၂၀၂၂ ) ရက်နေ့တွင် ထုတ်ပြန် ကြေညာပေးမည်။ အရည်အချင်းစစ်ဆေးရေးအတွက် ရေးဖြေစာမေးပွဲအား မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်တွင် ( ၂၃-၉-၂၀၂၂ ) ရက်နေ့၌ အင်္ဂလိပ်စာ ၊ အထွေထွေဗဟုသုတ ( ၂ ) ဘာသာ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကဒ်များကို ( ၂၂-၉-၂၀၂၂ ) ရက်နေ့ ဝန်ထမ်းရေးရာဌာနတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်။
၆။ အချိန်မီ ရောက်ရှိခြင်းမရှိသော လျှောက်လွှာများနှင့် အချက်အလက်ပြည့်စုံ မှန်ကန်မှု မရှိသော လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက် အလက်များကို ဒုတိယပါမောက္ခချုပ် ( စီမံ ) ၊ ဖုန်း-၀၉ ၅၁၃၈၆၀၉ နှင့် ဝန်ထမ်းရေးရာဌာန ၊ ဖုန်း- ၀၉ ၂၆၀၃၃၆၉၂၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
လျှောက်လွှာပုံစံအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
လျှောက်လွှာပုံစံ(Job Application Form for Vacancy in Myanmar Maritime University.pdf)
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
|