ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
လျှောက်လွှာခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင်ခန့်ထားရန် မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ကွန်ပျူတာဌာနများအတွက် လစာနှုန်းကျပ်
( ၂၁၆၀၀၀-၂၀၀၀ - ၂၂၆၀၀၀) နည်းပြ / သရုပ်ပြနှင့် စာကြည့်တိုက်ဌာနအတွက် လစာနှုန်းကျပ်( ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ ) စာကြည့်တိုက်လက်ထောက်-၂ နေရာများ လျှောက်ထားနိုင်ပါသည်၊၊
၂။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည်
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) နည်းပြ / သရုပ်ပြများအတွက် သက်ဆိုင်ရာ မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်းပြည့်မီသူ ( Qualified ) ဖြစ်ရမည်၊၊
( ဂ ) စာကြည့်တိုက်လက်ထောက်-၂ အတွက် စာကြည့်တိုက်နှင့်သုတပညာဘွဲ့ ရရှိသူ / တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီး စာကြည့်တိုက်ဒီပလိုမာ ရရှိသူ ဖြစ်ရမည်၊၊
(ဃ) လျှောက်လွှာပိတ်သည့်ရက်တွင် အသက် ( ၃၅ ) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ဝန်ထမ်းဖြစ်လျှင် အသက် ( ၄၀ ) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( င ) နည်းပြ / သရုပ်ပြများအတွက် အနည်းဆုံးလုပ်သက် ( ၅ ) နှစ် တစ်ဆက်တည်းတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊၊တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက
လျော်ကြေးငွေအဖြစ် ၁၀၀၀၀၀ဝိ /- ( ကျပ်ဆယ်သိန်း ) ပေးလျော်ရမည်၊၊
(စ) စာကြည့်တိုက်လက်ထောက် -၂ အတွက် အနည်းဆုံး လုပ်သက် ( ၃ ) နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ရမည်။ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက
လျော်ကြေးငွေအဖြစ် ၅၀၀၀၀ဝိ/- ( ကျပ်ငါးသိန်း ) ပေးလျော်ရမည်၊၊
၃။ လျှောက်လွှာပုံစံအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ website ဖြစ်သော www.mmu.edu.mm တွင် ရယူနိုင်ပါသည်၊၊ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ( ပူးတွဲ ) ပါရှိရမည်။
(က) တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူနှင့် ဘွဲ့လက်မှတ်မိတ္တူများကို လျှောက်လွှာတွင် ( ပူးတွဲ ) တင်ပြရမည်၊၊ (မူရင်းအား လူတွေ့ဖြေဆိုသည့်အခါ ပြသနိုင်ရမည်။)
(ခ) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊ ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်ဆရာဝန်ထောက်ခံချက် ဆေးလက်မှတ်မူရင်းပါရှိရမည်။
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာမူရင်းပါရှိရမည်။
၄။ လျှောက်လွှာများကို ပါမောက္ခချုပ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပြီး ( ၁၄-၃-၂၀၂၃ ) ရက်နေ့ နောက်ဆုံး လျှောက်ထားရမည်၊၊ ဝန်ထမ်းဖြစ်ပါကလျှောက်လွှာများကို သက်ဆိုင်ရာဌာနအကြီးအကဲမှတစ်ဆင့်မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ( ၁၄-၃-၂၀၂၃ )ရက်နေ့ နောက်ဆုံး ထား၍တိုက်ရိုက်ပေးပို့လျှောက်ထားရမည်။
၅။ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းကို ( ၁၅-၃-၂၀၂၃ ) ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်၊၊ အရည်အချင်းစစ်ဆေးရေးအတွက် ရေးဖြေစာမေးပွဲအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ( ၁၆-၃-၂၀၂၃ ) ရက်နေ့၌ အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတ ( ၂ ) ဘာသာ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကဒ်များကို ( ၁၅-၃-၂၀၂၃ ) ရက်နေ့တွင် ဝန်ထမ်းရေးရာဌာနသို့ ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်၊၊
၆။ အချိန်မီရောက်ရှိခြင်းမရှိသော လျှောက်လွှာများနှင့် အချက်အလက်ပြည့်စုံမှန်ကန်မှုမရှိသော လျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။အသေးစိတ်သိရှိလိုသော အချက်အလက်များကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊သန်လျင်မြို့၊ ဒုတိယပါမောက္ခချုပ် ( စီမံ ) ၊ ဖုန်း-၀၉ - ၅၁၃၈၆၀၉ နှင့် ဝန်ထမ်းရေးရာဌာန ၊ ဖုန်း - ၀၉၂၆၀၃၃၆၉၂၅ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။
လျှောက်လွှာပုံစံအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
လျှောက်လွှာပုံစံ(Job Application Form for Vacancy in Myanmar Maritime University.pdf)
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
|