ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
လျှောက်လွှာခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ခန့်ထားရန် မြန်မာစာ၊ အင်ဂျင်နီယာသင်္ချာ၊ ကွန်ပျူတာသိပ္ပံ ဌာနများအတွက် လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) နည်းပြ/သရုပ်ပြနှင့် စာကြည့်တိုက်ဌာနအတွက် လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) စာကြည့်တိုက်လက်ထောက်-၂ နေရာများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
( ခ) နည်းပြ/ သရုပ်ပြများအတွက် သက်ဆိုင်ရာမဟာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ (Qualified) ဖြစ်ရမည်။
( ဂ) စာကြည့်တိုက်လက်ထောက်-၂ အတွက် စာကြည့်တိုက်နှင့်သုတပညာဘွဲ့ ရရှိသူ/ တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိပြီး စာကြည့်တိုက်ဒီပလိုမာ ရရှိသူ ဖြစ်ရမည်။
(ဃ) လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရ မည်။ ဝန်ထမ်းဖြစ်လျှင် အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
( င) နည်းပြ/ သရုပ်ပြများအတွက် အနည်းဆုံးလုပ်သက် (၅) နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက လျော်ကြေးငွေအဖြစ်- ၁၀၀၀၀၀ဝိ/- (ကျပ်ဆယ်သိန်း) ပေးလျော်ရမည်။
( စ) စာကြည့်တိုက်လက်ထောက်-၂ အတွက် အနည်းဆုံး လုပ်သက် (၃) နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ရမည်။ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက လျော်ကြေးငွေအဖြစ်- ၅၀၀၀၀ဝိ/- (ကျပ်ငါးသိန်း) ပေးလျော်ရမည်။
၃။ လျှောက်လွှာပုံစံအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ website ဖြစ်သော www.mmu.edu.mm တွင် ရယူနိုင်ပါသည်။ လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ (ပူးတွဲ) ပါရှိရမည်-
(က)တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူ၊ ဘွဲ့လက်မှတ် မိတ္တူကို လျှောက်လွှာ တွင် (ပူးတွဲ) တင်ပြရမည်။ (မူရင်းအား လူတွေ့ဖြေဆိုသည့်အခါ ပြသနိုင်ရမည်။)
( ခ) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ ကျန်းမာရေး ကောင်းမွန်ကြောင်း မြို့နယ်ဆရာဝန် ထောက်ခံချက် ဆေးလက်မှတ်မူရင်း ပါရှိရမည်။
( ဂ)အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာမူရင်း ပါရှိရမည်။
၄။ လျှောက်လွှာများကို ပါမောက္ခချုပ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပြီး (၁၄-၇-၂၀၂၃) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်။ ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်။
၅။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်းကို (၁၈-၇-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန် ကြေညာပေးမည်။ အရည်အချင်းစစ်ဆေးရေးအတွက် ရေးဖြေစာမေးပွဲအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် (၂၁-၇-၂၀၂၃) ရက်နေ့၌ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ (၂) ဘာသာ ဖြေဆိုရမည် ဖြစ်ပြီး ဖြေဆိုခွင့်ကဒ်များကို (၂၀-၇-၂၀၂၃) ရက်နေ့ ဝန်ထမ်းရေးရာဌာနတွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူရမည်။
၆။ အသေးစိတ်သိရှိလိုသော အချက် အလက်များကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်မြို့၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဖုန်း-၀၉၅၁၃၈၆၀၉ နှင့် ဝန်ထမ်းရေးရာဌာန၊ ဖုန်း- ၀၉၂၆၀၃၃၆၉၂၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါသည်။
အလုပ်လျှောက်လွှာပုံစံ download ရယူရန် အောက်ပါ link ကိုနှိပ်ပါ။
အလုပ်လျှောက်လွှာပုံစံ download
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

|