ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
တက္ကသိုလ်၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ အတွက် အောက်ဖော်ပြပါ ရေကြောင်းဘက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့နှင့် ရေကြောင်းသိပ္ပံပညာ( ဂုဏ်ထူး ) ဘွဲ့ဆိုင်ရာ ပထမနှစ်သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်-
ဖွင့်လှစ်မည့်သင်တန်း သင်တန်းကာလ
(က) B.E. ( NA ) အင်ဂျင်နီယာဘွဲ့(ရေယာဉ်တည်ဆောက်မှု) (၅)နှစ်
Bachelor of Engineering (Naval Architecture)
( ခ) B.E. ( ME ) အင်ဂျင်နီယာဘွဲ့ ( ရေကြောင်းအင်ဂျင်နီယာ ) (၅)နှစ်
Bachelor of Engineering ( Marine Engineering )
(ဂ ) B.E. ( PH ) အင်ဂျင်နီယာဘွဲ့ ( ဆိပ်ကမ်းအင်ဂျင်နီယာ) (၅)နှစ်
Bachelor of Engineering (Port and Harbour Engineering )
(ဃ)B.E. ( RC ) အင်ဂျင်နီယာဘွဲ့(မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ) (၅)နှစ်
Bachelor of Engineering(River and Coastal Engineering)
(င )B.E. ( MESE ) အင်ဂျင်နီယာဘွဲ့(ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာ) (၅)နှစ်
Bachelor of Engineering (Marine Electrical Systems & Electronics Engineering)
(စ )B.E. ( MM ) အင်ဂျင်နီယာဘွဲ့ (ရေကြောင်းစက်မှုအင်ဂျင်နီယာ) (၅)နှစ်
Bachelor of Engineering ( Marine Mechanical Engineering )
(ဆ) B.Sc.(Hons;) သိပ္ပံဂုဏ်ထူးဘွဲ့ ( ရေကြောင်းသိပ္ပံ ) (၅)နှစ်
(NS) Bachelor of Science (Honours)( Nautical Science)
၂။ အထက်ဖော်ပြပါ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့် သိပ္ပံ( ဂုဏ်ထူး )ဘွဲ့သင်တန်းအားလုံးအတွက် သင်တန်းကာလမှာ ( ၅ )နှစ် ဖြစ်ပြီး၊ သင်တန်းကာလ( ၅ )နှစ်လုံး ပြီးစီးအောင်မြင်သည့်အခါ B.E ဘွဲ့ / B.Sc(Hons;)ဘွဲ့တို့ကို တိုက်ရိုက်အပ်နှင်းချီးမြှင့်မည်ဖြစ်ပါသည်။
၃။ စုစုပေါင်း ကျောင်းသား ၊ ကျောင်းသူဦးရေ( ၃၀၀ )ဦးအထိသာ လက်ခံမည်ဖြစ်ပြီး လုပ်ငန်း သဘောသဘာ၀အရ အမျိုးသမီးဦးရေ (၂၀)ရာခိုင်နှုန်းအထိသာ လက်ခံနိုင်မည်ဖြစ်ပါသည်။
၄။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို စုစုပေါင်း ရမှတ်( ၄၂၀ )နှင့် အထက်ရရှိပြီး အောက်ဖော်ပြပါအရည်အချင်းနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါ သည်-
(က) တက္ကသိုလ်၀င်ခွင့်လျှောက်ထားသူနှင့် ၄င်း၏မိဘ( ၂ )ဦးစလုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်။
( ခ ) ကျန်းမာရေး(က)အဆင့်ရှိရမည်။
( ဂ ) အမျိုးသမီးများသည် Marine Engineering နှင့် Nautical Science ဘာသာရပ်များမှ လွဲ၍ အခြားဘာသာရပ်များကို လျှောက်ထားခွင့်ရှိသည်။
(ဃ) Marine Engineering ၊ Marine Electrical Systems & Electronics နှင့် Nautical Science ဘာသာရပ်လျှောက်ထားသူများသည် သင်တန်းတက်ရောက်ခွင့်မပြုမီ မှန်ကန်စွာ အရောင်ခွဲခြားနိုင်မှုစွမ်းရည်ရှိရမည်။ Nautical Science ဘာသာရပ်အတွက် မျက်မှန် တပ်ဆင်သူများလျှောက်ထားခွင့်မရှိ။
( င ) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင် သူများသာ လျှောက်ထားခွင့်ရှိပါသည်-
(၁) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဘောဂဗေဒ
(၂) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ
(၃) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ပထဝီဝင်
( စ ) လူတွေ့စစ်ဆေးခြင်းခံရမည်။
(ဆ) ပညာသင်ကာလအတွင်း Workshop Skills ၊ သတ်မှတ်ထားသော ပင်လယ်ပြင်လုပ်သက် နှင့် တက္ကသိုလ်ပြင်ပတွင် တက်ရောက်ရမည့် အခြားသင်တန်းများကို ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်သူဖြစ်ရမည်။
၅။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာပုံစံကို ၂၈.၈.၂၀၂၃(တနင်္လာနေ့)ရက်နေ့မှစတင်၍ တက္ကသိုလ်၏ Website www.mmu.edu.mm မှလည်းကောင်း၊ ကျောင်းသားရေးရာ ဌာနမှလည်းကောင်းရယူပြီး စာတိုက်မှဖြစ်စေ၊ ကျောင်းသားရေးရာဌာနတွင် လူကိုယ်တိုင်ဖြစ်စေ ၊ စာရွက်စာတမ်းအပြည့်အစုံ ( လိုင်စင်ဓါတ်ပုံ-၄ ပုံ ၊ မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပေးသည့် အမှတ်စာရင်းမူရင်း ၊ သက်ဆိုင်ရာကျောင်းသားနှင့်မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ ) တို့ဖြင့် လျှောက်ထားရမည်။ ပြည့်စုံခြင်းမရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၆။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်ထားခြင်းကို ၂၈.၈.၂၀၂၃ ( တနင်္လာနေ့ ) မှ ၂၉.၉.၂၀၂၃ ( သောကြာနေ့ )အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။
၇။ ၀င်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့်အချက်များ ပြည့်စုံမှန်ကန်ခြင်းမရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ရွေးချယ်ခြင်းမခံရပါက ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့ အချိန်မီတက်ရောက်နိုင်ရေး လျှောက်ထားမှုပြုလုပ်ထားရန် လိုအပ်ပါမည်။
၈။ တက္ကသိုလ်၀င်ခွင့်အတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း၊ ကျန်းမာရေးစစ်ဆေးမည့်ရက်၊ မျက်စိစမ်းသပ်စစ်ဆေးမည့်နေ့ရက်နှင့် လူတွေ့ဖြေဆိုရမည့်နေ့ရက်များကို ၀င်ခွင့်အမှတ်စဉ်အလိုက် ထပ်မံ ကြေညာပေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ၏ Website www.mmu.edu.mm တွင်လည်း ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။
၉။ ၀င်ခွင့်လျှောက်လွှာများကို စာတိုက်မှပေးပို့လျှောက်ထားမည်ဆိုပါက မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၊ သန်လျင်၊ သီလဝါ စာတိုက် သင်္ကေတ - ၁၁၂၉၃ သို့ လိပ်မူပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားရမည်။
( အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၂၃၅၁၀၈၅၄ သို့ ဆက်သွယ်မေး မြန်းစုံစမ်းနိုင်ပါသည်။ )
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့
ဝင်ခွင့်လျှောက်လွှာရယူရန် အောက်ပါ Link တွင် download ရယူနိုင်ပါသည်။
Entrance Form 2023
|