ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
လျှောက်လွှာခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ခန့်ထားရန် မြန်မာစာ ၊ အင်ဂျင်နီယာသင်္ချာ ၊ ကွန်ပျူတာသိပ္ပံဌာနများအတွက် လစာနှုန်းကျပ်(၂၁၆၀၀၀- ၂၀၀၀-၂၂၆၀၀၀) နည်းပြ/သရုပ်ပြနှင့် စာကြည့်တိုက်ဌာနအတွက် လစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) စာကြည့်တိုက်လက်ထောက်-၂ နေရာများ လျှောက်ထားနိုင်ပါသည်၊၊
၂။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည်-
( က ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) နည်းပြ/သရုပ်ပြများအတွက် သက်ဆိုင်ရာမဟာဘွဲ့ တက်ရောက်ရန် အရည်အချင်းပြည့်မီသူ(Qualified)ဖြစ်ရမည်၊၊
( ဂ ) စာကြည့်တိုက်လက်ထောက်-၂ အတွက် စာကြည့်တိုက်နှင့်သုတပညာဘွဲ့ရရှိသူ/တက္ကသိုလ်မှဘွဲ့တစ်ခုရရှိပြီး စာကြည့်တိုက်ဒီပလိုမာရရှိသူ ဖြစ်ရမည်၊၊
(ဃ) လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ ဝန်ထမ်းဖြစ်လျှင် အသက်(၄၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( င ) နည်းပြ/သရုပ်ပြများအတွက် အနည်းဆုံးလုပ်သက်(၅)နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊၊ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက လျော်ကြေးငွေ အဖြစ် - ၁၀၀၀၀၀ဝိ /- ( ကျပ်ဆယ်သိန်း ) ပေးလျော်ရမည်၊၊
( စ ) စာကြည့်တိုက်လက်ထောက် -၂ အတွက် အနည်းဆုံး လုပ်သက်(၃)နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ရမည်။ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက လျော်ကြေး ငွေ အဖြစ် ၅၀၀၀၀ဝိ/ ( ကျပ်ငါးသိန်း ) ပေးလျော်ရမည်၊၊
၃။ လျှောက်လွှာပုံစံအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ website ဖြစ်သော www. mmu.edu.mm တွင်ရယူနိုင်ပါသည်၊၊ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း များ (ပူးတွဲ) ပါရှိရမည်-
(က) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ ၊ ဘွဲ့လက်မှတ်မိတ္တူ လျှောက်လွှာတွင်(ပူးတွဲ)တင်ပြရမည်၊၊ (မူရင်းအား လူတွေ့ဖြေဆိုသည့်အခါ ပြသနိုင်ရမည်။)
( ခ ) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊ ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်ဆရာဝန်ထောက်ခံချက် ဆေးလက်မှတ်မူရင်းပါရှိရမည်။
( ဂ ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့်ရဲစခန်းထောက်ခံစာမူရင်း ပါရှိရမည်။
၄။ လျှောက်လွှာများကို ပါမောက္ခချုပ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပြီး (၁၅-၁၂-၂၀၂၃) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်၊၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်၊၊
၅။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်းကို (၁၉-၁၂-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးမည်၊၊ အရည်အချင်းစစ်ဆေးရေးအတွက် ရေးဖြေစာမေးပွဲအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် (၂၂-၁၂-၂၀၂၃) ရက်နေ့၌ အင်္ဂလိပ်စာ ၊ အထွေထွေဗဟုသုတ ( ၂ ) ဘာသာ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကဒ်များကို (၂၀-၁၂-၂၀၂၃) ရက်နေ့ ဝန်ထမ်းရေးရာဌာနတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်၊၊
၆။ အချိန်မီရောက်ရှိခြင်းမရှိသောလျှောက်လွှာများနှင့် အချက်အလက်ပြည့်စုံမှန်ကန်မှုမရှိသောလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်မြို့၊ ဒုတိယပါမောက္ခချုပ်( စီမံ )၊ ဖုန်း - ၀၉၅၁၃၈၆၀၉ နှင့် ဝန်ထမ်းရေးရာဌာန ၊ ဖုန်း - ၀၉၂၆၀၃၃၆၉၂၅ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။
လျှောက်လွှာပုံစံအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
လျှောက်လွှာ Dowload ရယူရန်
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
|